မုံရွာအမြောက်တပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ဖမ်းဆီး၊ ရဲမေနှစ်ဦးကို တရားစီရင်ရေးသို့လွှဲပြောင်း

မုံရွာအမြောက်တပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ဖမ်းဆီး၊ ရဲမေနှစ်ဦးကို တရားစီရင်ရေးသို့လွှဲပြောင်း

စစ်ကိုင်းတိုင်း မုံရွာမြို့ အမြောက်တပ်(၅၀၈)မှ တပ်ကြပ်ကြီး ဦးတင်ဝင်းဆိုသူ မောင်းနှင်လာသောကားအား Black Falcon Guerrilla Force ရဲဘော်များက တားဆီးဖမ်းဆီးရာ ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် စစ်ကောင်စီတပ်၏ ခွေးဘီလူးကား ရိက္ခာသယ်ယာဥ်အား Black Falcon Guerrilla Forceမှ ရဲဘော်များက တားဆီးဖမ်းဆီးရာ တပ်ကြပ်ကြီးတင်ဝင်းမှာ ရဲဘော်များအား ပြန်လည်ခုခံ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သိရသည်။

"ဒီမစ်ရှင်က သူတို့အပြန်လမ်းကိုစောင့်ပြီး အမြှောက်တပ်ရောက်ခါနီး မီတာ (၁၀၀၀)ကျော်လောက်အလိုကြားမှာ စောင့်ကြိုဖမ်းဆီးခဲ့တာဖြစ်လို့ အချိန်မရတဲ့အတွက်ကြောင့် ရှင်းလင်းခဲ့တာပါ။"ဟု Black Falcon Guerrilla Forceက ယနေ့ ဒီဇင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါကားအား ဖမ်းဆီးရာ စစ်ကောင်စီတပ်၏ ရဲမေ(၂)ဦးကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် မုံရွာမြို့နယ် ပ.က.ဖ မှတဆင့် သက်ဆိုင်ရာ တရားစီရင်ရေးသို့ လွှဲပြောင်းအပ်နှံထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မူမှ ရိက္ခာသယ်ကားနှင့် လက်ကိုင်ဖုန်း(၃)လုံးအပြင် တပ်နှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency