ဗန်းမောက်တိုက်ပွဲ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ရရှိဟု NUG ထုတ်ပြန်

ဗန်းမောက်တိုက်ပွဲ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ရရှိဟု NUG ထုတ်ပြန်
နိုဝင်ဘာ 12, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် NUG ကာကွယ်‌ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဗန်းမောက်မြို့ မြစ်သေးချင်းရွာတောင်ဘက်၊ ဆင်ကန်ရွာ အနောက်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ်(၄) တပ်ရင်းနှင့် အင်အား (၅၀)ခန့်ပါ စစ်ကောင်စီ တပ်မ (၇၇)လက်အောက်ခံ ခမရ (၈)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင်အမှတ် (၁)တပ်ရင်းနှင့် ဗန်းမောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဗန်းမောက် ပ.က.ဖ)တို့က စစ်ကူပေးခဲ့ရပြီး စစ်ကောင်စီတပ်မှ နှစ်ပွင့်ဗိုလ်တစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် တပ်သား (၃)ဦးတို့ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ 

ထို့အပြင် စစ်ကောင်စီတပ်ထံမှ MA-1 (၁)လက်၊ MA-2 (၁)လက်၊ MA-4 (၂)လက်၊ MA-5 (၂)လက်၊ 5.56ကျည် (၆၂၆)တောင့်၊ ငါးကြင်းမြီးကျည် (၁၀)တောင့်၊ ၉ မမ ကျည် (၁၂)တောင့်၊ ၄၀ မမ ကျည် (၁၈)လုံး၊ MA ကျည်ဘောက် (၂၀)ခု၊ MA 2 ကျည်ဘောက် (၁)ခု၊ စကားပြောစက် (၆)လုံး၊ ကျည်ကာ (၃)ခု၊ ခါးပတ် (၅)ခု၊ ဘေးလွယ်အိတ် (၄)ခု၊ နာရီ (၂)လုံး၊ လက်ကိုင်ဖုန်း (၂)လုံး၊ အထိုင်ဖုန်း (၁)လုံး၊ ကီးပက်ဖုန်း (၁)လုံး၊ ပါဝါဘန့် (၁)လုံး ၊ ရေဘူး (၁)ဘူး၊ စစ်ဦးထုတ် (၁)လုံးနှင့် ကတ်သီး (၁)ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း 

သိရသည်။

#TachileikNewsAgency

Photo :  MOD NUG