နိုင်ငံ့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်ထက်တွင် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစား အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အဆမတန် တိုးမြင့်လာခဲ့သည့် အဓိက အခြေခံ အကြောင်းအရင်းကြောင့် မြန်မာနိုင်ငံ အမည်ပျက်စာရင်းသွင်း ခံရ

နိုင်ငံ့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်ထက်တွင် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစား အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အဆမတန် တိုးမြင့်လာခဲ့သည့် အဓိက အခြေခံ အကြောင်းအရင်းကြောင့် မြန်မာနိုင်ငံ အမည်ပျက်စာရင်းသွင်း ခံရ
အောက်တိုဘာ 22, 2022 | 2021 Military Coup| နိုင်ငံတကာသတင်း

နိုင်ငံ့အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်ထက်တွင်    မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစား အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အဆမတန် တိုးမြင့်လာခဲ့သည့် အဓိက အခြေခံ အကြောင်းအရင်းများကြောင့်  FATF က အမည်ပျက်(blacklist) စာရင်းသွင်းခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့အစည်း Financial Action Task Force (FATF)၏ ဆုံးဖြတ်ချက်ကို သိရှိထားသည့် တာဝန်ရှိသူများက Nikkei Asia ကို ပြောကြားမှုအရ FATF က မြန်မာနိုင်ငံ၏ ကာစီနိုလောင်းကစားနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတို့က blacklist စာရင်းထည့်သွင်းရခြင်း၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု ဆိုထားခြင်း ဖြစ်သည်။

နိုင်ငံတကာ ငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့အစည်း Financial Action Task Force (FATF) က မြန်မာနိုင်ငံကို အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုကြောင့် အီရန်နှင့် မြောက်ကိုရီးယားတို့နှင့်အတူ blacklist အမည်ပျက်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း Nikkei Asia သတင်းက ဖော်ပြထားသည်။ 

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံကို balcklist စာရင်းတွင် ချက်ချင်း ထည့်သွင်းရန်နှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနှင့် စီးပွားရေးဆက်ဆံမှုနှင့် ငွေလွှဲပြောင်းမှုတို့တွင် ပိုမိုဂရုစိုက်ဆောင်ရွက်ကြရန် FATF က ပြောခဲ့သည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြုလုပ်သည့် အစည်းအ‌ဝေးအပြီး အောက်တိုဘာလ (၂၁) ရက်က FATF ၏ ယခု ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ 

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုစနစ်ကို တိုက်ဖျက်ရေး လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံကို blacklist စာရင်းတွင် အီရန်နှင့် မြောက်ကိုရီးယားတို့နှင့်အတူ ထည့်သွင်းလိုက်ခြင်းဖြစ်ကြောင်း FATF ဥက္ကဌ စင်ကာပူအရာရှိ Raja Kumar က ပြောသည်။

 မြန်မာနိုင်ငံမှာ ယခင်က FATF ၏ grey list စာရင်းတွင် ပါဝင်နေခဲ့သည်။

FATF ၏ blacklist စာရင်းတွင် မြန်မာ၊ အီရန်နှင့် မြောက်ကိုရီးယား (၃) နိုင်ငံကိုသာ ထည့်သွင်းထားခြင်းလည်း ဖြစ်သည်။ 

FATF ကို အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ အီတလီ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနှင့် ဥရောပသမဂ္ဂတို့ ပါဝင်ကြသည့် G7 အုပ်စုက ၁၉၈၉ ခုနှစ်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် ငွေကြေးခဝါချမှုကို တိုက်ဖျက်ရန်ဖြစ်ကြောင်း သိရသည်။ 

နောက်ပိုင်းတွင်မူ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုနှင့် လူအမြောက်အမြား သေကြေပျက်စီးနိုင်သော လက်နက်များ တိုးပွားလာမှု တိုက်ဖျက်ရေးတို့ကိုပါ လုပ်ဆောင်ရန် ထိုအဖွဲ့အစည်း၏ လုပ်ပိုင်ခွင့်ကို တိုးချဲ့လာခဲ့ကြောင်း သိရသည်။

Source: Nikkei Asia