ရေစကြိုမြို့နယ်တွင် ရဲနှစ်ဦးကို ပကဖ ကဖမ်းဆီးရာ ထွက်ပြေးသဖြင့် တစ်ဦးသေဆုံး 

ရေစကြိုမြို့နယ်တွင် ရဲနှစ်ဦးကို ပကဖ ကဖမ်းဆီးရာ ထွက်ပြေးသဖြင့် တစ်ဦးသေဆုံး 
အောက်တိုဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းကြီးရဲစခန်းမှ ရဲနှစ်ဦးကို ယနေ့ ၂၀၂၃ခုနှစ် အောင်တိုဘာလ (၁၄)ရက်နေ့ နေ့လယ်ပိုင်းတွင် ရေစကြိုပကဖက ဖမ်းဆီးရမိခဲ့ရာ ထွက်ပြေးသဖြင့် ပစ်ခတ်ခဲ့ရခြင်းကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးလွတ်မြောက်သွားကြောင်း သိရသည်။

ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းမပေါ် ပခန်းကြီးကျေးရွာ ရဲစခန်းရှိ ဒုတပ်ကြပ် နိုင်လင်းအပါအဝင် (၂)ဦးကို ပခန်းကြီးကျောင်းတော်ကြီးအနီး ဘီယာဆိုင်မှအထွက်တွင် ရေစကြိုမြို့နယ် ပကဖက အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲနှစ်ဦးက ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဒုတပ်ကြပ် နိုင်လင်းသေဆုံးပြီး ကျန်တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု သိရသည်။

၎င်းတို့ထံမှ ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့် ဓားတစ်ချောင်းတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency