မြောက်စည်းရဲစခန်းသိမ်းပိုက်ရာက ရရှိလက်နက်ခဲယမ်းများကို NUG ထုတ်ပြန်

မြောက်စည်းရဲစခန်းသိမ်းပိုက်ရာက ရရှိလက်နက်ခဲယမ်းများကို NUG ထုတ်ပြန်
နိုဝင်ဘာ 9, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်စဉ် ရရှိခဲ့သည့် လက်နက်ခဲယမ်းများအား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ (၃)ရက်နေ့က ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို တော်လှန်ရေးတပ်များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ (၄)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် CNDF ရဲဘော်တစ်ဦးနှင့် RKDF ရဲဘော်(၂)ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရ ရဲဘော်တချို့လည်းရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်က (၆)ဦးသေပြီး လက်နက်ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းသိမ်းတိုက်ခိုက်မှုကို VAKOK-CNDF၊ Ranger Kalay Defend Force - RKDF၊ ကလေးခရိုင်တပ်ရင်း ၄၊ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ် ပူပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency