မုံးကိုးဗျူဟာကုန်းကို MNDAA ယနေ့ထပ်သိမ်း

မုံးကိုးဗျူဟာကုန်းကို MNDAA ယနေ့ထပ်သိမ်း
နိုဝင်ဘာ 7, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်၏ မုံးကိုးဗျူဟာကုန်းကို ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ နေ့လယ်ပိုင်းတွင် MNDAAက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း The Kokangက ဖော်ပြထားသည်။

စခန်းအတွင်းမှ သံချပ်ကာ ကားတစ်စီးအပါအဝင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သဖြင့် သံချပ်ကာနှင့် တင့်ကား (၇)စီးကို MNDAA က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း မုံးကိုးဗျူဟာကုန်းနှင့်မဝေးသည့် ပန်လုံဗျူဟာကုန်းကို AAတပ်များက ဦးဆောင်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူးလည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်။

ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်း (၁၂၀)ဝန်းကျင်ကို မဟာမိတ်တပ်များက ယနေ့အထိ သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency