မင်းရွာရဲစခန်းအား တော်လှန်ရေးတပ်များက သိမ်းပိုက်ရာ စစ်သုံ့ပန်း ၁၁ ဦး လက်နက်ချ အညံ့ခံ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

မင်းရွာရဲစခန်းအား တော်လှန်ရေးတပ်များက သိမ်းပိုက်ရာ စစ်သုံ့ပန်း ၁၁ ဦး လက်နက်ချ အညံ့ခံ၊ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ
နိုဝင်ဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းအား တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား(၆)ဦးသေပြီး စစ်သုံ့ပန်း (၁၁)ဦး လက်နက်ချ အညံ့ခံခဲ့သဖြင့် သေနတ်(၁၇)လက် အပါအဝင် လက်နက်ကြီး၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မင်းရွာရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် အမှတ်(၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊နယ်မြေခံ ပကဖတို့ ပူးပေါင်းကာ စခန်းသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်သား (၄)ဦး စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့သဖြင့် G-3သေနတ် (၁၁)လက်၊ G-4 သေနတ် (၁)လက်၊ MA-1 သေနတ် (၁)လက်၊ MA- 3သေနတ် (၁)လက်၊ MA-4 သေနတ် (၁)လက်၊ 40မမ (၁)လက်၊ ၆၀ မမ (၁)လက်၊ ခြောက်လုံးပြူး သေနတ် (၂)လက်၊ G3 ကျည် (၃၇၇၀) တောင့်၊ MA ကျည် (၂၀၃၀)တောင့်၊ (၆၀)မမ ဗုံးသီး (၃၂)လုံး၊ နင်းမိုင်းကြီး (၁၀)လုံး၊ နင်းမိုင်းသေး (၁၀)လုံး၊ လက်ပစ်မိုင်း (၆)လုံး၊ တိုက်မိုင်း (၁၀)လုံး၊ G3 ကျည်ဘောက် (၂၂)ခု၊ MA2 ကျည်ဘောက် (၁)ခု၊ (၄၀)မမ ဗုံးသီး (၁၉)လုံး၊ MA ကျည်ဘောက် (၁၁)ခု၊ Bluetooth Box (၁)လုံး၊ ဟန်းကော (၁၁)လုံး၊ သံခမောက် (၁၂)လုံး၊ ပွိုင့်ဖိနပ် (၃)ရံ၊ ဓာတ်မီး (၁)လက်၊ စားဆီ (၁၀)ပိဿာ၊ TV (၁)လုံး၊ Air cooler (၁)လုံး၊ ထမင်းအိုး (၁)လုံး၊ ငွေသား (၄၆၅,၇၀၀)ကျပ်၊ ရေခဲသေတ္တာ (၁)လုံး၊  ဓားချွန် (၅)လက်၊ ဓားရှည် (၃)လက်၊ တူ (၃)လက်၊ ဖုန်း(၈)လုံး၊ ကင်မရာ (၁)လုံး၊ နာရီ (၄)လုံး၊ ရွှေလက်ကောက် (၄)ကွင်း၊ လက်စွပ်(၁)ကွင်း၊ နားဆွဲ (၁)ခု၊ Icon အထိုင်စက် (၂)လုံး၊ Icon TYT (၁)လုံး၊ Equipment (၁၁)ထည်တို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Ministry of Defence - National Unity Government of Myanmar