အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ အမြန်ရရှိရန် ပို့ကုန်ရငွေများ ဘဏ်အတွင်းသို့ ထည့်သွင်းရမည့် သတ်မှတ်ရက်ကို ပြင်ဆင် သတ်မှတ်

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ အမြန်ရရှိရန် ပို့ကုန်ရငွေများ ဘဏ်အတွင်းသို့ ထည့်သွင်းရမည့် သတ်မှတ်ရက်ကို ပြင်ဆင် သတ်မှတ်

 နိုင်ငံခြားငွေ အမြန်လိုအပ်နေသည့် အာဏာသိမ်း စစ်ကောင်စီက ၎င်း၏ လက်အောက်ခံ ဗဟိုကနေတဆင့်  ပြည်ပပို့ကုန်လုပ်ငန်းရှင်များကို ပို့ကုန်ရငွေများအား  ပြည်တွင်းဘဏ်ငွေစာရင်းသို့  သတ်မှတ်ရက်အတွင်း နိုင်ငံခြားငွေများ မပျက်မကွက်ထည့်သွင်းရန် နှင့် သတ်မှတ်ချက်များကို မလိုက်နာပါက အရေးယူမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ထားသည်။

ပြည်ပပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ရငွေများကို ပြည်တွင်းဘဏ်ငွေစာရင်းသို့ ထည့်သွင်းရန် ယခင်က အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့က စပြီး (၄၅)ရက်အတွင်း လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သူများအနေဖြင့် ရက်(၉၀)သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ရငွေများကို ရက်(၃၀)အတွင်း လည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ရငွေများကို ရက်(၆၀)အတွင်းလည်းကောင်း  နိုင်ငံခြားငွေ အမြန်ရရှိရေးအတွက် သတ်မှတ်ရက်များ ပြင်ဆင်သတ်မှတ်ခြင်း ဖြစ်သည်။

ပြည်ပပို့ကုန်ရငွေများကို ဘဏ်စာရင်းသို့ ထည့်သွင်းရန် ရက်ပြင်ဆင်သတ်မှတ်သည့် အမိန့်ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့ ရက်စွဲဖြင့် အမိန့်ကြေညာစာ ထုတ်ထားခြင်း ဖြစ်သည်။

သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေများကို နိုင်ငံခြားငွေဖြင့်သာ ဘဏ်စာရင်းသို့ မထည့်သွင်းပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားရှိသည်။