သီန္နီနှင့် လားရှိုးမြို့ကို မဟာမိတ်တပ်များ ဝင်ရောက်စီးနင်းတိုက် ခိုက်နေ

သီန္နီနှင့် လားရှိုးမြို့ကို မဟာမိတ်တပ်များ ဝင်ရောက်စီးနင်းတိုက် ခိုက်နေ
အောက်တိုဘာ 28, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန္နီမြို့နှင့် လားရှိုးမြို့တို့ကို ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၈)ရက် ညနေပိုင်းကစတင်ကာ မဟာမိတ်တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်နေကြောင်း သိရသည်။

လက်ရှိတွင် သိန္နီမြို့လယ်ရှိ ရဲစခန်းနှင့် လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို မဟာမိတ်တပ်များက စီးနင်းတိုက်ခိုက်နေရာ တိုက်ပွဲပြင်းနေသည်ဟု မဟာမိတ်တပ်များထံမှ သိရသည်။

"သီန္နီနဲ့ လားရှိုးကို ဝင်စီးတိုက်ခိုက်နေတာ ဟုတ်ပါတယ်။ ကျွန်တော်ဆီတော် အချက်အလက်တွေ မရောက်သေးဘူး။ တိုက်ပွဲက ပြင်း ထန်ပါတယ်။"ဟု မဟာမိတ်တပ်မှ ရဲဘော်တစ်ဦးက Tachileik News Agencyကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယမန်နေ့ အောက်တိုဘာလ (၂၇)ရက်နေ့ကစတင်ကာ ယနေ့အထိ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း (၃၀)ကျော်ကို ညီနောင်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့၏ သံချပ်ကာကား(၂)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်များသည် စစ်ကောင်စီတပ်ဖွဲ့၏ စခန်း အကြီး၊ အသေး စုစုပေါင်း(၃၀)ကျော် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာချီသေဆုံးခဲ့သည့်အပြင်  စစ်သုံ့ပန် (၁၀)ဦးကိုလည်း ဖမ်းဆီးရရှိထားကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့က စတင်ကာ ယနေ့အောက်တိုဘာလ(၂၈)ရက်နေ့အထိ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency