တန့်ဆည်မြို့နယ်အတွင်း လိုအပ်မှခရီးသွားရန်နှင့် သစ်တင်ကား၊ နွားတင်ကားများ လုံးဝဖြတ်သန်းခြင်း မပြုရန် သတိပေးထား

တန့်ဆည်မြို့လုံးကျွတ် စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြစဉ် ( ပုံဟောင်း )
တန့်ဆည်မြို့လုံးကျွတ် စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြစဉ် ( ပုံဟောင်း )
တန့်ဆည်မြို့နယ်အတွင်း လိုအပ်မှခရီးသွားရန်နှင့် သစ်တင်ကား၊ နွားတင်ကားများ လုံးဝဖြတ်သန်းခြင်း မပြုရန် သတိပေးထား
အောက်တိုဘာ 19, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်အတွင်း အများပြည်သူဘေးကင်းစေရန်အတွက် အရေးပေါ်ကိစ္စမှလွဲ၍ ခရီးသွားလာခြင်းမပြုကြရန် PDF နှင့် Local PDF (Taze) တို့က ပန်ကြားလိုက်ပြီး နွားသယ်ကားများ၊ သစ်တင်ကားများကို လုံးဝဖြတ်သန်းခွင့်မပြုကြောင်း  ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့တွင် သတိပေးလိုက်သည်။

အများပြည်သူအနေဖြင့် မဖြစ်မနေ သွားလာရမည်ဆိုပါက ကားများကို မှန်ချ၍ မောင်းနှင်ကြရန်၊ ကုန်တင်ကားများအနေဖြင့် မိုးစိုခံသောပစ္စည်းများသယ်ယူပါက မိုးကာမအုပ်ဘဲမောင်းနှင်ရန်နှင့် မိုးစိုမခံသောပစ္စည်းများဖြစ်ပါက မသင်္ကာဖွယ်မဖြစ်စေရန် မိုးကာအား သေချာစွာတုပ်နှောင်ခြင်းများ ပြုလုပ်သွားလာကြရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

ယင်းအပြင် တန့်ဆည်မြို့နယ်အတွင်း  နွားသယ်သောကားများ၊ သစ်တင်သောကားများကိုမူ လုံးဝဖြတ်သန်းခွင့်မပြုကြောင်း သတိပေးထားသည်။