ကန်တော်ကြီး၌ ရေနစ်သေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့

ကန်တော်ကြီး၌ ရေနစ်သေဆုံးနေသည့် အလောင်းတစ်လောင်းတွေ့

ရန်ကုန်မြို့ ကန်တော်ကြီး ပန်းကန်လုံးကျွန်း ရှင်ဥပ္ပဂုတကျောင်းဆောင် တံတားအောက်၌ မှောက်လျက်ရေနစ်သေဆုံးနေသည့် အလောင်းတစ်လောင်းအား ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း ဒီဃာယုက လူမှုကူညီရေးအသင်းထံမှ သိရသည်။

အသက် (၄၅)နှစ်ဝန်းကျင်အရွယ် ၎င်းအမျိုးသားအလောင်းအား တွေ့ရှိကြောင်း ပန်းခြံလမ်းလျှောက်သူများနှင့် ပန်းဥယျာဉ်မှ လုပ်သားဝန်ထမ်းများက အကြောင်းကြားလာသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် လူမှုကူညီကယ်ဆယ်ရေးကွန်ယက်မှ အသင်းများက သွားရောက်ဆယ်ယူခဲ့သည်ဟု ဆိုသည်။

ထို့နောက် ရုပ်အလောင်အား အဖြူရောင်ကမ်းလက် ဗိုလ်တစ်ထောင်မှ လူနာတင်ယာဉ်နှင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး မည်သည့်အတွက်ကြောင့် သေဆုံးသည်ကိုမူ မသိရသေးပါ။

#TachileikNewsAgency

Photo :ဒီဃာယုက လူမှုကူညီရေးအသင်း