စစ်ကောင်စီတပ်ဖွဲ့၏ သစ်တင်သင်္ဘောကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်

စစ်ကောင်စီတပ်ဖွဲ့၏ သစ်တင်သင်္ဘောကို ဒေသကာကွယ်ရေးတပ်များတိုက်ခိုက်
အောက်တိုဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ရိုးအတိုင်း သစ်များတင်ဆောင်ကာ စုန်ဆင်းလာသော စစ်ကောင်စီတပ်ဖွဲ့ သင်္ဘောများအား ဒေသကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း MDY-PDF ထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ (၁၅)မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို မန္တလေးခရိုင်အမှတ် (၃)တပ်ရင်းများဖြစ်သည့် Black Wolf PDF-MDY(တပ်ခွဲ - ၃)၊ ဒေါင်းညီနောင် (တပ်ခွဲ-၃)တို့နှင့်အတူ  People's Security Force(ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့)၊ 8Stars(မြင်းခြံပြောက်ကျားတပ်ဖွဲ့ ) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MDY-PDFသည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၄)ရက်နေ့ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များ ပတ်ကင်းလှည့်နေချိန် ပဒေသာမိုင်း (၇)လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency