သံဖြူဇရပ်မှ နယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

သံဖြူဇရပ်မှ နယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
အောက်တိုဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ CDM ပြုလုပ်ပြီး တောင်ညိုစစ်ကြောင်းထံ ဆက်သွယ်ခိုလှုံခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထား သည်။

သံဖြူဇရပ် မြို့မရဲစခန်းမှ နယ်ထိန်းတပ်ကြပ် ထွန်းထွန်းလင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ (၂)ရက်နေ့က Glock (၃၈)မမ တစ် လက်၊ ပွိုင့်(၃၈)ကျည် ၅ တောင့်၊ ကျည်ကာတစ်ခု၊ လက်ပစ်ဗုံး တစ်လုံး၊ icon တစ်လုံး၊ ရဲဦးထုပ်တစ်လုံး၊ ဓါးတစ်ချောင်း၊ ဖုန်းနှစ်လုံး၊ လက်ထိပ်တစ်ခုတို့နှင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။ 

နယ်ထိန်းထွန်းထွန်းလင်းသည် ရဲတပ်ဖွဲ့အတွင်း အထက်အောက်ဖိနှိပ်သည့်ဒဏ်နှင့် ပြည်သူများအပေါ် အနိုင်ကျင့်ခြင်းတို့ကို မခံနိုင်သည့်အတွက်ကြောင့် CDM ပြုလုပ်လာခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် CDM ရဲတပ်ကြပ် ထွန်းထွန်းလင်းကို ဘတ်ငွေ(၂၀၀၀၀)ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C