တမူးမြို့နယ် ပန်သာကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် ပျူစောထီးစခန်းများကို ပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်နေ 

တမူးမြို့နယ် ပန်သာကျေးရွာရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် ပျူစောထီးစခန်းများကို ပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်နေ 
နိုဝင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တမူးမြို့နယ် ပန်သာကျေးရွာရှိ စစ်ကောင်စီ၏ အထိုင်တပ်စခန်း၊ ရဲစခန်းနှင့် ပျူစောထီးစခန်းများကို ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့ကစတင်ကာ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၏ စစ်ကြောင်း(၃)ကြောင်း၊ PDF တပ်ရင်း(၄) တမူး(TSG)၊ Fighter Police CDMအဖွဲ့၊ ကလေးမြောက်ပိုင်း ရာဇဂြိုလ် လျှပ်တပြတ်တိုက်ခိုက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း သိရသည်။

ပန်သာရွာသည် ပျူစောထီးများ အထိုင်ချထားသည့်ရွာဖြစ်ပြီး စစ်ကောင်စီတပ်နှင့် မပတ်သက်သူများမှာ အိန္ဒိယနိုင်ငံဘက်သို့ တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတိုက်ခိုက်မှုကို ပြည်တော်ဝင်စစ်ဆင်ရေးအမည်ဖြင့် ဖော်ဆောင်နေခြင်းဖြစ်ကာ ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုသည့်အနေဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများပြီး စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်ဖြင့် လေကြောင်း ပစ်ကူပေးခြင်း၊ တမူးမြို့ စစ်ကောင်စီ အထိုင်တပ်စခန်းကုန်းမှလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးနေသဖြင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း သိရသည်။

#TachileikNewsAgency