လိုင်ဇာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားများစွာသေဆုံး

လိုင်ဇာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားများစွာသေဆုံး
အောက်တိုဘာ 10, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် KIA ဌာချုပ်အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းအတွင်းသို့ ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၉)ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားများစွာ ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရ အရပ်သားများအား လိုင်ဇာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများလည်းပါဝင်ကာ သေဆုံးသူ (၃၀)ဝန်းကျင်ရှိကြောင်း KIAနှင့် နီးစပ်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များကမူ ၎င်းတို့ဘက်က ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားပြောဆိုထားကြသည်။

 

#TachileikNewsAgency

Photo :CJ