မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်စခန်းများကို ဒေသကာကွယ်ရေးတပ်များ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်

မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်စခန်းများကို ဒေသကာကွယ်ရေးတပ်များ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်
အောက်တိုဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်းနှင့် မကွေးတိုင်းရှိ ပျူစောထီးတပ်စခန်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်များကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ ဒေသကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပကဖထံမှ သိရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် အောက်တိုဘာလ (၁)ရက်နေ့က မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ရွာနောင်ရွာရှိ ပျူ‌‌စောထီး ခေါင်းဆောင်နေအိမ်ကို အီနာဂါဗုံးသီး(၆)လုံးချ တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ (၂)ရက်နေ့တွင် ပခုက္ကူခရိုင်၊ အရာတော်ရေနံမြေရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲသောနေရာအား Droneအကြီးဖြင့် အီနာဂါဗုံးသီး အလုံး(၂၀)ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၃)ရက်နေ့တွင် ပခုက္ကူမြို့နယ် တောင်ရွာယာ၊ မြောက်ရွာယာနှင့် ရေနံချက်ရွာတို့ရှိ ပျူစောထီးစခန်းများကို Droneဖြင့် ဗုံးသီးအလုံး (၅၀)ချ တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ (၄)ရက်နေ့တွင် မကွေးတိုင်း ဝါဇီ‌ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီးအလုံး(၂၀)ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိပြီး တိုက်ခိုက်မှုကို Myaing U.A.V Fighter Drone တပ်ဖွဲ့၊ Earthquake People Defence Force Droneတပ်ဖွဲ့၊ မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) Droneတပ်ဖွဲ့၊ Salingyi Special Task Force SSTF Droneတပ်ခွဲ၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်) MRGFနှင့် ပခုက္ကူခရိုင် တပ်ရင်း (၈)၊ MPL မြိုင် ပကဖ တိုက်နယ်(၄)တို့က ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလ (၃၀)ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တပ်စွဲထားသော ရွာသစ်ရွာ၊ တောင်ရွာယာ၊ မြောက်ရွာယာ၊ ရေနံချပ်၊ အုပ်ကျောင်းရွာတို့ရှိ ပျူစောထီးစခန်းများကို ပခုက္ကူခရိုင် တပ်ရင်း (၈)၊ မြိုင်-ပြည့်သူကာကွယ်ရေတပ်ဖွဲ့(ပ.က.ဖ) တပ်ရင်း(၂) တပ်ခွဲ (၁၊ ၂၊ ၃)၊ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)MRGF၊ Salingyi Special Task Force SSTF(ယင်းမာပင်ခရိုင်တပ်ရင်း(၁၄ ၊၁၅)နှင့် Earthquake People's Defence Force တို့က  ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်ခဲ့ပြီးနောက် ရွာသစ်ရွာ၊ အုပ်ကျောင်းရွာ၊ ရေနံချက်ရွာတို့ကို ယာယီထိန်းသိမ်းနိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့၏ ရေနံဂိတ်(၃)ခုနှင့် ဘန်ကာ(၁)ခု၊ ဂျန့်ပါစက်တစ်လုံး၊ တပ်မ(၈၈) လက်အောက်ခံ စစ်ယူနီဖောင်းများ၊ အီကွေ့မန့်များနှင့် စစ်အသုံးအဆောင်များကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲသို့ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့၏ စက်လှေ(၅)စီးလည်း တိုက်ခိုက်ခံရကာ (၃)စီး ပျက်စီးပြီး စစ်ကောင်စီတပ်သားများ ဒဏ်ရာရရှိကာ တပ်ဆုတ်သွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : မြိုင်-ပကဖ