ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ် ပတ်စ်ပို့ကို စတင်မိတ်ဆက်လိုက်သည့် ဖင်လန် နိုင်ငံ

ကမ္ဘာ့ပထမဆုံး ဒစ်ဂျစ်တယ် ပတ်စ်ပို့ကို စတင်မိတ်ဆက်လိုက်သည့် ဖင်လန် နိုင်ငံ
အောက်တိုဘာ 1, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဖင်လန်နိုင်ငံက ကမ္ဘာ့ပထမဆုံးအဖြစ် ဒစ်ဂျစ်တယ် ပတ်စ်ပို့များကို စမ်းသပ်နေပြီ ဖြစ်သည်။ 

ဖင်လန်နိုင်ငံ၏ မြို့တော် ဟယ်ဆင်ကီးမြို့မှ ဗြိတိန်သို့ လေယာဥ်ဖြင့် သွားရောက်ကြသူများမှာ ယခုအခါ ပတ်စ်ပို့စာအုပ်အစား ၎င်းတို့၏ ဖုန်းများရှိ ဒစ်ဂျစ်တယ် ခရီးသွားလာမှု အထောက်အထားကို ပြသနိုင်ပြီဟု ဆိုသည်။

ဒစ်ဂျစ်တယ် ခရီးသွားလာမှုဆိုင်ရာ အထောက်အထားများ Digital Travel Credentials (DTC) ကို ပတ်စ်ပို့စာအုပ်များအတိုင်း ယုံကြည်စိတ်ချနိုင်ကြောင်း ဖင်လန်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးဌာနက ပြောသည်။ 

လေယာဥ်ခရီးစဥ် အချို့တွင် ဖင်လန်နိုင်ငံသား ခရီးသွားများ အနေဖြင့် နယ်စပ်ထိန်းချုပ်ရေး လုပ်ငန်းစဥ်အတွက် စောင့်ဆိုင်းရမည့်အစား DTC သုံး၍ နယ်စပ်ဖြတ်သန်းနိုင်သည်။

DTC ဒစ်ဂျစ်တယ် ပတ်စ်ပို့ကို နယ်စပ်ထိန်းချုပ်ရေး လုပ်ငန်းစဥ်တွင် ပထမဆုံးအကြိမ် လက်ခံသွားမည်ဖြစ်ပြီး ယခုလို စနစ်မျိုးသည် ကမ္ဘာ့ပထမဆုံးဖြစ်ကြောင်း ဖင်လန်နိုင်ငံ နယ်စပ်ထိန်းချုပ်ရေးဌာနက ပြောသည်။ 

ဒစ်ဂျစ်တယ် ပတ်စ်ပို့ အသုံးပြုခြင်းက ပုံမှန်ထက် ပိုမိုမြန်ဆန်ပြီး အဆင်ပြေချောမွေ့စေမည်ဟု ဆိုသည်။

ဖင်လန်နိုင်ငံ၏ DTC ဒစ်ဂျစ်တယ် ပတ်စ်ပို့ ရှေ့ပြေးစမ်းသပ်မှု အစီအစဥ်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၈) ရက်နေ့တွင် လန်ဒန်၊ အီဒင်ဘတ်ဂ် သို့မဟုတ် မန်ချက်စတာသို့ လေယာဥ်ဖြင့် သွားရောက်သော ဖင်လန်နိုင်ငံသား ခရီးသည်များဖြင့် စတင်ခဲ့သည်။ 

ဒစ်ဂျစ်တယ် ပတ်စ်ပို့ကို ဖင်လန်နိုင်ငံသားများသာ ရရှိနိုင်ကြောင်း သိရသည်။

 

Source: Euro News, CNN