ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ ဒုရင်းမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရ

ရေးမြို့နယ်အခြေစိုက် ခမရ ၅၉၁ ဒုရင်းမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရ
စက်တင်ဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ(၅၉၁)ဒုတပ်ရင်းမှူးကို စစ်တပ်ဝင်းနှင့် ကိုက်(၅၀၀)အကွာမှ ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ နေ့လယ်ပိုင်းတွင် ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ ခမရ(၅၉၁)တပ်ရင်းမှ ဒုတပ်ရင်းမှူးသည်  တပ်ရင်းအပြင်သို့ထွက်လာစဉ် စစ်တပ်ဝင်းနှင့် ကိုက်(၅၀၀)ခန့်အရောက်တွင် ရေးဘီလူးအဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့ရာ ဒုရင်းမှူးနှင့်အတူ ကားတစ်စီးတည်းလိုက်ပါလာသော စစ်ကောင်စီတပ်သား(၂)ဦးလည်း သေဆုံးခဲ့ကြောင်း စစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း၊ J.O.Cထံမှ သိရသည်။

ပစ်ခတ်မှုပြုလုပ်ခဲ့သောနေရာမှာ ခမရ(၅၉၁)နှင့် နီးကပ်သဖြင့် လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency