TNLA သိမ်းထားသည့်မြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ 

TNLA သိမ်းထားသည့်မြို့များကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ 

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူမြို့နယ်တို့ကို စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၄)ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာသည်။

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် အဆိုပါမြို့များကို စစ်အုပ်ချုပ်ရေးကြေညာသည်ဟု ထုတ်ပြန်လာခြင်းဖြစ်သည်။

တိုင်းမှူးက အချိန်နှင့်တပြေးညီဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး ကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍သော်လည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်သည်ဟု ဆိုသည်။

အဆိုပါ(၃)မြို့ကို  TNLAက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ၁၀၂၇ စစ်ဆင်ရေးကာလတွင် သိမ်းပိုက်ထားခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါမြို့များတွင် TNLAက လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးများကို လုပ်ဆောင်နေပြီး တအာင်းအစိုးရဖွဲ့စည်းရန်ပင် ပြင်ဆင်နေပြီဖြစ်သည်။

#TachileikNewsAgency