မြောင်မြို့နယ် ကင်းကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများယူပြီး ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ပဒေသာမိုင်းခွဲခံရ 

မြောင်မြို့နယ် ကင်းကျေးရွာမှ ပြည်သူပိုင်ပစ္စည်းများယူပြီး ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ပဒေသာမိုင်းခွဲခံရ 

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကင်းကျေးရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များက ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ကျောက်ရစ်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်(၅)နာရီ ဝန်းကျင်တွင် ကင်းကျေးရွာသို့ ဝင်ရောက်စစ်ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

ထို့နောက် မြောင်မြို့နယ် ကင်းကျေးရွာမှ ပြည်သူများ၏ ပစ္စည်းများအားယူကာ ကင်းကျေးရွာ အနောက်ဘက် ကင်းကျောင်းကြီးသို့ ထွက်လာရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်တပ်များက ပဒေသာမိုင်း (၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (Myaung Union Army)ထံမှ သိရသည်။

တိုက်ခိုက်မှုကို ခွပ်ဒေါင်းမာန် LPDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (Myaung Union Army)၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ (တပ်ခွဲ-၃)နှင့် ကျေးရွာ ပကဖ အဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency