ဘယ်ရီဟု အမည်ပေးထားသည့် ရှားပါးဒိုင်နိုဆောအရိုးစု လေလံတင် ရောင်းချမည်

ဘယ်ရီဟု အမည်ပေးထားသည့် ရှားပါးဒိုင်နိုဆောအရိုးစု လေလံတင် ရောင်းချမည်
စက်တင်ဘာ 20, 2023 | နိုင်ငံတကာသတင်း
By Mr John

 လွန်ခဲ့သည့် နှစ်ပေါင်း သန်း (၁၅၀) ခန့် ဂျူရာဆစ်ခေတ်တွင် ရှင်သန်နေထိုင်ခဲ့သော Camptosaurus အမျိုးအစား ဒိုင်နိုဆောတစ်ကောင်၏ ထူးထူးခြားခြား အကောင်းပကတိအတိုင်းရှိဆဲ အရိုးစုကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့၌ လေလံတင် ရောင်းချသွားမည် ဖြစ်သည်။ 

ထိုဒိုင်နိုဆော၏ အရိုးစုများကို ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း အမေရိကန်နိုင်ငံ ဝိုင်အိုမင်ပြည်နယ်တွင် ပထမဆုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၂၀၀၀ ပြည့်နှစ်တွင် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ဘယ်ရီဂျိမ်းစ်က အရိုးစုများကို ဒိုနိုဆောင်တစ်ကောင်ပုံစံအဖြစ် ပြန်လည်ပုံဖော်ခဲ့ပြီး ထိုဒိုင်နိုဆောအရိုးစုကိုလည်း ဘယ်ရီဟု အမည်ပေးခဲ့ကြသည်။ 

၂၀၂၂ ခုနှစ်တွင် အီတလီနိုင်ငံမှ Zoic Labs ကုမ္ပဏီက ဒိုင်နိုဆောအရိုးစုကို ဝယ်ယူခဲ့ပြီး နောက်ထပ် ပြန်လည်ပုံဖော် ထိန်းသိမ်းမှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

ယခုအခါ အမြင့် (၆.၉) ပေနှင့် အရှည် (၁၆.၄) ပေရှိသော ဒိုင်နိုဆောအရိုးစု ဘယ်ရီကို အံ့မခန်းဖွယ် တွေ့ရသည်။ 

"ဒါက အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားတဲ့ နမူနာပုံစံဖြစ်ပြီး အတော်လေး ရှားပါတယ်" ဟု ပါရီမြို့ရှိ Hotel Drouot လေလံကုမ္ပဏီမှ Alexandre Giquello က ပြောသည်။ 

ဒိုင်နိုဆောအရိုးစု ဘယ်ရီကို ၂၀၂၃ ခုနှစ် အောက်တိုဘာလလယ်ပိုင်းတွင် အများပြည်သူ ကြည့်ရှုနိုင်ရန် ပြသသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁.၂၈) သန်း (ယူရို ၁.၂ သန်း) ဖြင့် လေလံဈေးရမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

Source: Reuters, CNN

Photo:  REUTERS/Abdul Saboor,