အင်းတော်တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဆရာတော်ကြီးတစ်ပါးနှင့် ကပ္ပိယတစ်ဦးသေဆုံး

အင်းတော်တွင် စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဆရာတော်ကြီးတစ်ပါးနှင့် ကပ္ပိယတစ်ဦးသေဆုံး
စက်တင်ဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းရွာအား ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ် လေကြောင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲရာ ကျောင်းထိုင်ဆရာတော်အပါအဝင် နှစ်ဦးသေဆုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတစ်ဦးလည်း သေဆုံးခဲ့ရကာ ဇရပ်ဆောင်နှင့် ကျောင်းမကြီးလည်း ပျက်စီးသွားကြောင်း သိရသည်။

ပျံလွန်တော်မူသော ဆရာတော်ကြီးမှာ အရှင်ရာဇိန္ဒဖြစ်ပြီး သက်တော်(၇၇)၊ ဝါတော် (၅၇)ဝါဖြစ်ကြောင်း Indaw Revolution-IR ထံမှ သိရသည်။

လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Indaw Revolution-IR