ပခုက္ကူမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်အုပ်စု၏ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးအမှတ် (၁)တပ်ကို ‌ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်းရာ စစ်အုပ်စုဘက်က  ( ၇ )ဦးသေပြီး (၃)ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများရရှိ

ပခုက္ကူမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်အုပ်စု၏ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးအမှတ် (၁)တပ်ကို ‌ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်းရာ စစ်အုပ်စုဘက်က  ( ၇ )ဦးသေပြီး (၃)ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများရရှိ
ဖေဖော်ဝါရီ 11, 2023 | 2021 Military Coup| အခြားဒေသများ

 မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အာဏာသိမ်းစစ်အုပ်စု၏ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးအမှတ်(၁)တပ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၏ နံနက်ပိုင်းတွင် ပခုက္ကူအခြေစိုက် မဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ကာ အာဏာသိမ်းစစ်အုပ်စုဘက်က (၇)ဦးသေကာ  (၃)ဦး အရှင်ဖမ်းမိပြီး လက်နက် ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များက စီးနင်းတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်အုပ်စုဘက်မှ အရာရှိ (၂)ဦး အပါအဝင် (၇)ဦးသေဆုံးပြီး စစ်သား (၃)ဦးကို အရှင်ဖမ်းမိကာ လက်နက် (၃)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိသည့် အထဲတွင် အရပ်သား ( ၂ )ဦး အပါအဝင် တပ်ကြပ်ကြီး (၁)ဦးနှင့် တပ်သား ( ၂ )ဦး တို့ပါဝင်ရာ အရပ်သားနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ပြီးနောက် အာဏာသိမ်းစစ်အုပ်စုသည် လေကြောင်းမှ ဗုံးကြဲခဲ့သည့်အပြင် စစ်ကူများရောက်ရှိလာခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း ( ၂ )၊ တပ်ခွဲ ( ၁ )၊ တပ်ခွဲ( ၂ )၊ တပ်ခွဲ ( ၃ )၊ မြစ်ခြေ MCKC ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Earthquake ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Aerial Team ဘာဂျာ Drone တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။