ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲကျေးရွာနှင့် ပူဖားကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲကျေးရွာနှင့် ပူဖားကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ
စက်တင်ဘာ 4, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ သေးဆူလဲကျေးရွာနှင့် ပူဖားကျေးရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းများအား ၂၀၂၃ခုနှစ် စက်တင်ဘာ (၂)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများရှိပြီး လက်နက်ခဲယမ်းများကို ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုများက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ ယင်းနေ့ နံနက် (၅)နာရီခွဲအချိန်မှ (၉)နာရီခွဲအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များဘက်က ထိခိုက်သေဆုံးသူနှင့် ဖမ်းဆီးခံရသူများရှိပြီး လက်နက်ငယ်မျိုးစုံ (၁၅)လက်၊ (၆၀) မမပြောင်း (၂)လက်၊ RPG-7 (၁)လက်၊ ငါးကြင်းမြီး (၁)လက်၊ ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများ၊ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင်ပစ္စည်းများအား တော်လှန်ရေးတပ်များဘက်က သိမ်းဆည်းရရှိခဲ့ကြောင်း ယနေ့ စက်တင်ဘာလာ (၄)ရက်နေ့တွင် KNDFဗဟိုက သတင်းထုတ်ပြန်သည်။ 

လက်ရှိတွင်လည်း သေးဆူလဲ၊ ပူဖားကျေးရွာများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ၎င်းစစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF)၊ အလယ်ပိုင်းတိုင်း ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများ ပူးပေါင်းစစ်ကြောင်းနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : KNDF