ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ရာ ကလေးများ အပါအဝင်(၆)ဦး သေဆုံး

ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ရာ ကလေးများ အပါအဝင်(၆)ဦး သေဆုံး
ဖေဖော်ဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

 

ပဲခူးတိုင်း ရေတာရှည်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ တွင် လေကြောင်းမှ ဗုံးကြဲရာ အရပ်သား ကလေး (၂)ဦး အပါအဝင် (၆)ဦး သေဆုံးသွားကြောင်း ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း(၃၅၀၁) တပ်ခွဲ (၄) ထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပိတောက်ကုန်းကျေးရွာ၊ စည်ပိုင်းကျေးရွာ၊ မိချောင်းအိုင်ကျေးရွာများသို့ စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် (၈၁)မမဗုံးသီး (၁၂)လုံးခန့် ကြဲချသည့်အပြင် ပွိုင့်(၅)

စက်လက်ကျည်များဖြင့်လည်း ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၁၀) နှစ်ရှိ ကလေးငယ်တစ်ဦး၊ အသက်(၈)နှစ်ရှိ ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား(၄)ဦး စုစုပေါင်း (၆)ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ (၅)ဦးရှိခဲ့ကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

#TachileikNewsAgency