လွယ်ဂျယ်မြို့ရှိ စိန်လုံတောင်ဗျူဟာကုန်းမှ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ KIA သိမ်းဆည်း

လွယ်ဂျယ်မြို့ရှိ စိန်လုံတောင်ဗျူဟာကုန်းမှ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ KIA သိမ်းဆည်း

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့အနီးရှိ စစ်ကောင်စီ၏ စိန်လုံတောင်ဗျူဟာစစ်စခန်းကို KIA က ၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် လက်နက်မျိုးစုံကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စိန်လုံတောင်ဗျူဟာစခန်းကို ပြီးခဲ့သည့် မတ်လ(၂၇)ရက်နေ့ကစတင်ပြီး KIAက တိုက်ခိုက်ခဲ့ရာ ဧပြီလ (၁)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်မျိုးစုံကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

"ရဟတ်ယာဉ်ကွင်းပါတဲ့ ဗျူဟာစခန်းကုန်းပါ။ သိမ်းဆည်းရရှိတဲ့ လက်နက်မျိုးစုံမှာ လက်နက်ကြီးတွေပါတယ်။ နယ်မြေရှင်းလင်းနေတုန်းပါ။"ဟု KIA နှင့်နီးစပ်သူတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် လွယ်ဂျယ်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသဖြင့် KIA က မြို့ကိုထိန်းချုပ်ထားပြီဖြစ်ပြီး ယမန်နေ့တွင်ပင် လွယ်ဂျယ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်၏ မိသားစုဝင်များကို မံစီမြို့နယ် ဂျန်မိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်က ဗုံးကြဲရာ (၅)ဦးသေပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

စိန်လုံတောင်ဗျူဟာစခန်းနှင့် လွယ်ဂျယ်မြို့ကို KIAက ထိန်းချုပ်နိုင်ပြီးနောက် KIA စစ်ကြောင်းအား ပြည်သူများက ကြိုဆိုခဲ့ကြသည်။

#TachileikNewsAgency