မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ကို ယနေ့ပြန်လည်သွားလာနိုင်ပြီ

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ကို ယနေ့ပြန်လည်သွားလာနိုင်ပြီ

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းသစ်ရှိ မြေပြိုကျသည့်နေရာကို ဘေလီတံတား တည်ဆောက်ပြီးနောက် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့တွင် ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ကုန်သည်ခရီးသွားများထံမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် တောနော်ရေတံခွန်အနီးတွင် ပြီးခဲ့သည့် ဩဂုတ်လ (၇)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျခဲ့ရာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပြီးနောက် ဘေလီတံတား အစားထိုးတည်ဆောက်ခဲ့ရာ (၁၉)ရက်ကြာမြင့်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : CJ