ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်တွင် မိုင်းရှင်းပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရ

ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်တွင် မိုင်းရှင်းပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲခံရ

မကွေးတိုင်း ပခုက္ကူ-ရေစကြိုကားလမ်းမပေါ်တွင် မိုင်းရှင်းလင်းပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂) Young Force (UG)ထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ(၂၂)ရက်နေ့  နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်မှုတွင် မကွဲသေးသောမိုင်းအား စစ်ကောင်စီတပ်ကလမ်းပိတ်၍ လာရောက်ရှင်းလင်းအပြီးပြန်အထွက် နောက်ချန်မိုင်းနားအရောက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များကို စစ်ကောင်စီတပ်ဘက်က လိုက်လံပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာ မရခဲ့ဟု သတင်းထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့်လည်း အဆိုပါလမ်းပိုင်းကို မနက်(၆)နာရီမှ ည(၇)နာရီအထိသာ ဖြတ်သန်းသွားလာကြရန် သတိပေးထားသည်။ 

တိုက်ခိုက်မှုအား ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၂) Young Force (UG)နှင့် Shwe Nyar Myae(PDF)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :Young Force UGတပ်သားများ