အဆိုတော် မေလသံစဉ် ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးခံထားရ

အဆိုတော် မေလသံစဉ် ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဆီးခံထားရ

အာဏာသိမ်းစစ်ကောင်စီက အဆိုတော် မေလသံစဉ်ကို ဖမ်းဆီးထားပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ မြို့မရဲစခန်းတွင် အမှုဖွင့်ထားကာ ချူပ်မိန့်ရမန်ယူထားကြောင်း စံတော်ချိန်သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

မေလသံစဉ်အား ၎င်း၏ နေအိမ်တွင် စစ်ကောင်စီတပ်၏ စရဖ(စရတ)နှင့်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီဖြစ်ကြောင်း ၂၀၂၃ခုနှစ် ဧပြီလ(၁၂)ရက်နေ့က စစ်တပ်၏ လော်ဘီများဘက်က သတင်းများထွက်ပေါ်ခဲ့သော်လည်း မည်သူမျှ အတည်ပြုနိုင်ခြင်းမရှိခဲ့ပေမဲ့  မေလသံစဉ် ဖမ်းဆီးခံထားရပြီး ချုပ်မိန့်ရမန်ယူထားကြောင်း ရှေ့နေ့များ၏ ပြောပြချက်ကို ကိုးကားပြီး စံတော်ချိန်သတင်းဌာနတွင် ဧပြီလ(၂၁)ရက်နေ့၌ ဖော်ပြထားသည်ကို တွေ့ရသည်။

ဖမ်းဆီးခံထားရသည့် မေလသံစဉ် အပါအဝင် မေပန်းချီ နှင့် ရွှေရည်သိန်းတန်တို့သည် လူပေါင်း (၁၆၈)ဦး အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် ပဇီကြီးကျေးရွာဖြစ်စဉ်နှင့်ပတ်သက်၍ Facebook Profile များတွင် အနက်ရောင်ပုံများ အစားထိုးပြောင်းလဲထား၍ ဖမ်းဆီးခြင်းဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

Follower 7.5M ရှိထားပြီး Blue Mark ရရှိထားသည့် "မေလသံစဉ် May Melody"အမည်ရှိ  Facebook Page လည်း  ၎င်း ဖမ်းဆီးခံရပြီးနောက်  ရှာမတွေ့တော့ပေ။