မူဆယ်တွင် မြို့မပြည်သူစစ်က ဖမ်းဆီးသွားသည့် ဒေသခံ ၄ ဦးအနက် တစ်ဦးသေဆုံးပြီး ၃ ဦး ကိုအမှိုက်ပုံတွင် လာရောက်စွန့်ပစ်သွား 

မူဆယ်တွင် မြို့မပြည်သူစစ်က ဖမ်းဆီးသွားသည့် ဒေသခံ ၄ ဦးအနက် တစ်ဦးသေဆုံးပြီး ၃ ဦး ကိုအမှိုက်ပုံတွင် လာရောက်စွန့်ပစ်သွား 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်  မြို့မပြည်သူ့စစ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ(၄)ဦးအနက် တစ်ဦးမှာ စစ်ဆေးမေးမြန်းစဉ် ရိုက်နှက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့ပြီး (၃)ဦးကို ပြင်းထန်ဒဏ်ရာများဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

မြို့မပြည်သူ့စစ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ(၄)ဦးမှာ နမ့်ကတ်အုပ်စု မိုင်းဆက်ရွာမှ ဒေသခံ ဦးအိုက်မြင့်(၃၆)နှစ်၊ မန်ကန်ဒေသခံ လုမ်မြတ်အောင် (၂၂)နှစ်၊ ရီအောင်ဝင်း (၂၄)နှစ်နှင့် အိုက်မောင်ဦး (၁၇)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တပ်သားဟု စွပ်စွဲ၍ ဆိုင်ခေါင်ရွာတွင် မြို့မပြည်သူစစ်အဖွဲ့မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မတရားဖမ်းဆီးခံရသည့် ဒေသခံ(၄)ဦးအား မျက်နှာကိုအဝတ်ဖြင့်အုပ်ကာ အစာမကျွေးဘဲ (၂)ရက်တိုင်  ရိုက်နှက်ထိုးကြိတ်ခဲ့ရာက မန်ကန်ရွာဒေသခံ ရီအောင်ဝင်း သေဆုံးခဲ့ရခြင်းဖြစ်ပြီး ကျန် (၃)ဦးအား မျက်နှာကိုအဝတ်ဖြင့်စည်းကာ မန်မိုင်ရွာအနီးရှိ အမှိုက်ပုံတွင် လာရောက်စွန့်ပစ်ထားခဲ့သည်ဟု TNLAသတင်းနှင့် ပြန်ကြားရေးက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :TNLAသတင်းနှင့် ပြန်ကြားရေး