ပဲခူးတိုင်းရှိ စစ်ရှောင်များအား PDF တပ်များက ရိက္ခာထောက်ပံ့

ပဲခူးတိုင်းရှိ စစ်ရှောင်များအား PDF တပ်များက ရိက္ခာထောက်ပံ့

ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် စားနပ်ရိက္ခာအခက်ခဲဖြစ်နေသော စစ်ဘေးရှောင်ပြည်သူများအား Royal Peacock Column-တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များက တပ်ရင်း၏ ရိက္ခာများကို မျှဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Royal Peacock Column-တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဘေးရှောင်အိမ်ထောင်စု(၁၀၅)စုအတွက် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ခေါက်ဆွဲခြောက်နှင့် ငါးသေတ္တာများအား ရဲဘော်များ၏ ရိက္ခာများထဲမှ ခွဲဝေလှူဒါန်းပေးခဲ့သည်ဟု သိရသည်။

Royal Peacock Columnသည် ပဲခူးတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်လုပ်ဆောင်နေသော စစ်ကြောင်းတစ်ခုဖြစ်ပြီး စိုးမိုးနယ်မြေများတွင် ပြည်သူလူထုအား ဆေးဝါးအကူညီ၊ သဘာဝဘေးအန္တရာယ်အကူညီ၊ ရိက္ခာအကူညီများ ပံ့ပိုးပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo :Royal Peacock Column