မိုးညှင်းမှ မိုးကောင်းသို့ တင့်ကားဖြင့် တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ကို PDF များက တိုက်ခိုက်ရာ စစ်ကြောင်းမှူး အပါအဝင် အများအပြား သေဆုံး

Photo: ဟိုပင် PDF
Photo: ဟိုပင် PDF
မိုးညှင်းမှ မိုးကောင်းသို့ တင့်ကားဖြင့် တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ကို PDF များက တိုက်ခိုက်ရာ စစ်ကြောင်းမှူး အပါအဝင် အများအပြား သေဆုံး
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

ကချင်ပြည်နယ်၊ မိုးညှင်းမှ မိုးကောင်းသို့ တင့်ကားဖြင့် တက်လာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ကို PDF များက ယမန်နေ့ ဇန်နဝါရီလ(၂၈)ရက်က တိုက်ခိုက်ရာ စစ်ကြောင်းမှူးနှင့် ဒုစစ်ကြောင်းမှူး အပါအဝင် အများအပြားသေကြောင်း ဟိုပင် PDF က ယနေ့ ဇန်နဝါရီလ(၂၉)ရက်တွင် သတင်းထုတ်ပြန်လာသည်။ 

မိုးညှင်းမှ မိုးကောင်းသို့ တင့်ကားဖြင့် တက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို PDF များက (၅)မိုင် နှင့် ကြားကြီးကွင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် ဟိုပင်တိုးဂိတ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(၅)မိုင် - ကြာကြီးကွင်းကြား မိုင်းဆွဲ တိုက်ခိုက်ရာတွင်လည်း ဒုစစ်ကြောင်းမှူး‌သေပြီး ဟိုပင်တိုးဂိတ်အနီး ပစ်ခတ်တိုက်ခိုက်မူတွင် ယာဉ်တန်းစစ်ကြောင်းမှူး အပါအဝင် (၁၄)ဦးသေ ကြောင်း ဟိုပင် PDF က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။