ကန်တော်ကြီးတွင် အမျိုးသားတစ်ဦး ထပ်မံရေနစ်သေဆုံး

ကန်တော်ကြီးတွင် အမျိုးသားတစ်ဦး ထပ်မံရေနစ်သေဆုံး

ရန်ကုန်မြို့ ကန်တော်ကြီးရေကန်တွင် ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃)ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ဒီဃာယုကလူမှုကူညီရေးထံမှ သိရသည်။

မည်သည့်အတွက်ကြောင့် ရေနစ်သေဆုံးသည်ကိုမူ မသိရသေးသော်လည်း ၎င်း၏ ဖိနပ်နှင့် ပစ္စည်းတချို့ ကို လူသွားတံတားပေါ်တွင် တွေ့ရှိခဲ့ရကြောင်း သိရသည်။

၎င်း၏ ရုပ်အလောင်းကို သက်ဆိုင်ရာအဖွဲ့များနှင့်အတူ ဒီဃာယုက၊ သပြေကုန်း၊ မေတ္တာပီတိ၊ တောင်ညွန့်လူငယ်၊ ကျီတော်နှင့် အလောင်းရှာဖွေရန် ရန်ကုန်ရေငုပ်ကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တို့က  ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။ 

ပြီးခဲ့သည့် ဇူလိုင်လ(၂၀)ရက်နေ့ကလည်း ကန်တော်ကြီး ပန်းကန်လုံးကျွန်း ရှင်ဥပ္ပဂုတကျောင်းဆောင် တံတားအောက်တွင် မှောက်လျက်သေဆုံးနေသည့် အသက်(၄၅)နှစ်အရွယ် အမျိုးသားအလောင်းအား တွေ့ရှိခဲ့သေးသည်။

#TachileikNewsAgency

Photo : ဒီဃာယုက လူမူကူညီရေးအသင်း