မုံရွာ-မန္တလေးလမ်းပိုင်းနှင့် မန္တလေး-ရွှေဘိုလမ်းပိုင်းအား ညပိုင်းဖြတ်သန်းခြင်း မပြုလုပ်ရန် သတိပေးချက် ထုတ်ပြန်

မုံရွာ-မန္တလေးလမ်းပိုင်းနှင့် မန္တလေး-ရွှေဘိုလမ်းပိုင်းအား ညပိုင်းဖြတ်သန်းခြင်း မပြုလုပ်ရန် သတိပေးချက် ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာ-မန္တလေး လမ်းပိုင်း နှင့် မန္တလေး-ရွှေဘို လမ်းပိုင်းအား ည(၈)နာရီမှ နံနက်(၄)နာရီခွဲ အချိန်အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်နှင့် ဖြတ်သန်းသွားလာပါက စစ်ကောင်စီတပ် ယာဉ်အဖြစ် သတ်မှတ်ပြီး မိုင်းခွဲတိုက်ခိုက်မည်ဟု စစ်ကိုင်းခရိုင် တပ်ရင်း(၁)ထံမှ သိရသည်။

စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်းအတွင်း၌ အသွင်မျိုးစုံဖြင့် လှုပ်ရှားသွားလာနေပြီး နာရေးကူညီမှုကား၊ ဘုန်းကြီးကားနှင့် အရပ်သားကားများ အသုံးပြု၍ သွားလာလှုပ်ရှားနေသဖြင့် ယင်းသို့ ထုတ်ပြန် သတိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းခရိုင် တပ်ရင်း(၁)၏ ဇူလိုင်လ (၃၀)ရက်နေ့ ထုတ်ပြန်ချက်တွင် ည(၈)နာရီမှ နံနက်(၄)နာရီခွဲ အချိန်အတွင်း သွားသောကားများကို စစ်ကောင်စီတပ်ကားများအဖြစ် သတ်မှတ်ပြီး မိုင်းဆွဲတိုက်ခိုက်မည်ဖြစ်သဖြင့် ခရီးသည်တင်ကားများ၊ ကိုယ်ပိုင်ကားများ၊ ကုန်တင်ယာဉ်များနှင့် အငှားယာဉ်များ အားလုံး ရောက်သည့်နေရာတွင် ညအိပ်ရပ်နားကြရန် ဖော်ပြထားသည်။

ညအိပ်ရပ်နားခြင်းမပြုဘဲ ဆက်လက်မောင်းနှင်မည်ဆိုပါက မိမိတို့၏ တာဝန်သာဖြစ်ကြောင်းနှင့် ည(၈)နာရီမှ နံနက်(၄)နာရီခွဲအချိန်အတွင်း သွားသောကားများကို စစ်ကောင်စီတပ်ကို သယ်ယူပို့ဆောင်နေသော ကားများအဖြစ် သတ်မှတ်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : စစ်ကောင်စီယာဥ်တန်း (ပုံဟောင်း)