ချောင်းဦးမြို့နယ်အတွင်း မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရ၍ အာဏာသိမ်းစစ်အုပ်စုဘက်က (၁၀)ဦးကျော် သေဆုံး

ချောင်းဦးမြို့နယ်အတွင်း မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရ၍ အာဏာသိမ်းစစ်အုပ်စုဘက်က (၁၀)ဦးကျော် သေဆုံး
သြဂုတ် 9, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင်  ဩဂုတ်လ (၈)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်သားများကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်လိုက်သည့်အတွက် အာဏာသိမ်းစစ်အုပ်စု၏  တပ်သား (၁၂)ဦးသေပြီး အများအပြား ဒဏ်ရာရသွားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဩဂုတ်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

နံနက်ပိုင်းတွင် အာဏာသိမ်းစစ်အုပ်စု၏  တပ်သားများသည် နတ်‌တိုင်ကျောင်း အနောက်ဘက်တကြောရှိ ပြည်သူ့ကာကွယ်ရေးတပ်၏ လက်လုပ်မိုင်းများကို စစ်အုပ်စုက Jammer မျာ ဖြင့်ဖြုတ်ယူပြီး ချောင်းဦးမှ ကင်းမွန်ထော်အထိ ထွက်ခွာလာရာ လမ်းတလျှောက်တွင် ဒေသကာကွယ်ရေးတပ်များက (၆)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ရွေ့လျားတပ်စိတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ချောင်းဦး - အမြင့်လမ်း ပြည်တော်သာရိုးသို့ ညနေပိုင်းတွင် ရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို ချောင်းဦးတပ်ခွဲ(၄)က မိုင်းဆွဲတိုက်ခိုက်မှု (၁)ကြိမ်၊ တပ်ခွဲ (၂)က တစ်ကြိမ်၊ အဆိုပါ စစ်ကောင်စီတပ်ကို လိုက်ပို့သည့် ပျူစောထီးများအား မိုင်း (၁)ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့၏ မိုင်း (၁၆)လုံးကို အာဏာသိမ်းစစ်အုပ်စု၏  တပ်သားများက ဖော်ယူသွားကြောင်းနှင့်  ငအိုးကြီးကွင်းရှိ ပြည်သူပိုင်နေအိမ်များလည်း မီးရှို့ဖျက်ဆီး သွားကြောင်း သိရသည်။

#TachileikNewsAgency