ရေဖြူမြို့နယ် အလယ်စခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

ရေဖြူမြို့နယ် အလယ်စခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းအနီးတွင် စစ်ကောင်စီတပ်နှင့် KNLAပူးပေါင်းတပ်တို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်အား (၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLAတပ်ရင်း(၂၇)၊ တပ်ခွဲ(၂)နှင့် YGFရေးပြောက်ကျားတပ်ဖွဲ့ ပူပေါင်းစစ်ကြောင်းတို့ အလယ်စခန်းအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမှာ နံနက်ပိုင်းမှစတင်ပြီး နေ့လည်ပိုင်းအထိ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်က အများအပြားသေကာ YGF-ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးပြီး KNLAတပ်ရင်း(၂၇)၊ တပ်ခွဲ(၂)မှ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း YGFရေးပြောက်ကျားတပ်ဖွဲ့က ယနေ့ ဇူလိုင်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency