MNDAA ထိန်းချုပ်နယ်အတွင်း စွန့်ပစ်ကျန်ရစ်သည့် အာဏာသိမ်းစစ်တပ်၏ အလောင်းများကို MNDAA က  သင်္ဂြိုလ်ပေးနေရ 

MNDAA ထိန်းချုပ်နယ်အတွင်း စွန့်ပစ်ကျန်ရစ်သည့် အာဏာသိမ်းစစ်တပ်၏ အလောင်းများကို MNDAA က  သင်္ဂြိုလ်ပေးနေရ 
စက်တင်ဘာ 5, 2021 | ရှမ်းမြောက်

ကိုးကန့်ဒေသကို ထိုးစစ်ဆင်ရင်း သေဆုံးခဲ့ကာ  စွန့်ပစ်ကျန်ရစ်သည့် အာဏာသိမ်းစစ်တပ်မှ တပ်ဖွဲ့ဝင်အလောင်းများကို ကိုးကန့်တပ် (MNDAA)က သဂြိုလ်ပေးနေသော်လည်း အချို့အလောင်းများမှာ နယ်မြေရှင်းလင်းနိုင်ခြင်း မရှိသေးသည့်နေရာတွင် ဖရိုဖရဲပျံ့ကြဲနေ၍ အလောင်းကောက် သဂြိုလ်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အလောင်းများ ကောက်ယူမြုပ်နှံခြင်းကို Covid-19 စည်းကမ်းချက်များနှင့်အညီ လုပ်ဆောင်ရမည်ဖြစ်ရာ တိုက်ပွဲများကြောင့် နယ်မြေရှင်းလင်းရေးမလုပ်နိုင်သေးသော နယ်မြေများတွင် ကျန်ရှိနေသည့် စစ်ကောင်စီတပ်၏ အလောင်း ( ၂၀) ကျော်ကို အာဏာသိမ်းစစ်တပ်ဘက်မှ အပစ်ရပ်ဆိုင်းထားမှသာ ကောက်ယူနိုင်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် The Kokang သတင်းတွင် ဖေါ်ပြချက်အရ သိရသည်။

တိုက်ပွဲဖြစ်ပွားရာဒေသများတွင် Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အထူးဒေသ(၁) မုံးကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့တို့က ဒေသခံစေတနာ့ဝန်ထမ်းအဖွဲ့များနှင့် ညှိနှိုင်းပြီး အာဏာသိမ်းစစ်တပ်၏ အလောင်းများကို တိုက်ပွဲများငြိမ်သက်ချိန်၌ မြှုပ်နှံရန်စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။