ရှမ်း-ကရင်နယ်စပ် ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ရှမ်း-ကရင်နယ်စပ် ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်

ရှမ်း-ကရင်နယ်စပ်၊ သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ် (၃)စီးဖြင့် (၃)ကြိမ် လာရောက်ပစ်ခတ်သွားသဖြင့် ယာဒို၊ ကလေထ၊ ဝါသောခိုနှင့် ပရယ်စိုး စသည့်ကျေးရွာ (၄)ရွာမှ ဒေသခံများ  တိမ်းရှောင်နေရသည်ဟု သိရသည်။

ယာဒိုကျေးရွာသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် တောင်ငူ-လိပ်သိုလ်-လွိုင်ကော်လမ်းနှင့် ကရင်-ရှမ်း-ကယားအစပ်တွင် တည်ရှိပြီး စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များရှိသည်ဟု သိရသည်။

၎င်းတိုက်ခိုက်မှုသည် KNLA တပ်မဟာ(၂)နှင့် KNDF ပူးပေါင်းတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးဟုလည်း KNLA တပ်မဟာ(၂)မှ ရဲဘော်တစ်ဦးက Tachileik News Agencyကို အတည်ပြုထားသည်။

#TachileikNewsAgency