လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၅၃၀)ကို ပူးပေါင်းတပ်များတိုက်ခိုက် 

လွိုင်လင်လေးမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ(၅၃၀)ကို ပူးပေါင်းတပ်များတိုက်ခိုက် 
ဇူလိုင် 4, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်လင်လေးမြို့ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၅၃၀)တပ်အား ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KNDF B 12၊ B 14 နှင့်  KAတပ်များဘက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDF B 12က ယနေ့ ဇူလိုင်လ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထို့နောက် စစ်ကောင်စီ၏ ခလရ (၅၃၀)တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခက်ခဲ့၍ လွိုင်လင်လေးမြို့နယ် လင်ဖုံးကြီးကျေးရွာနှင့် နမ်းဟူးကျေးရွာ အတွင်းသို့ ကျရောက်ကာ လူနေအိမ်များ ထိခိုက်ပျက်ဆီးမှု ရှိခဲ့သည်ဟုသိရသည်။

လက်ရှိတွင် စစ်ရေးအခြေနေအရ ပြည်သူများအနေဖြင့် လွိုင်လင်လေး-ထီးစဲခါး လမ်းပေါ်တွင် စစ်ရေးအသိဖြင့် သတိထား၍ သွားလာကြရန်လည်း အသိပေးထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : KNDF/B-12