စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်၍ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ လမ်းပိုင်းများကို ညပိုင်းသွားလာခြင်းမလုပ်ရန် တောင်ပိုင်းတိုင်းစစ်ဒေသ အသိပေး

စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်၍ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ လမ်းပိုင်းများကို ညပိုင်းသွားလာခြင်းမလုပ်ရန် တောင်ပိုင်းတိုင်းစစ်ဒေသ အသိပေး

စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်၍ မွန်ပြည်နယ်နှင့်  ပဲခူးတိုင်းအတွင်းရှိလမ်းပိုင်းများကို နေ့စဉ် ည(၆)နာရီမှ နံနက်(၆)နာရီအတွင်း သွားလာခြင်း မပြုလုပ်ကြရန် တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲက ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် အသိပေးထုတ်ပြန်လာသည်။

တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်အား တန်ပြန်ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန် မြှင့်တင်မည်ဖြစ်သဖြင့် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန် ယင်းသို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလမ်းများမှာ ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မတ္တမ၊ ရန်ကုန်-ဘားအံလမ်းပိုင်း များဖြစ်ကြောင်း သိရသည်။

ထို့အပြင် သတ်မှတ်လမ်းပိုင်းများအတွင်း‌ နေ့အချိန် ခရီးသွားလာရာတွင် မော်တော်ယာဉ်များအား မှန်ချ၍ မောင်းနှင်ရန်၊ တာဝန်အရစစ်ဆေးခြင်းအား လက်ခံရန်နှင့် ထုတ်ပြန်ချက်အား လိုက်နာရန် ပျက်ကွက်ပါက ဖြစ်လာမည့်အကျိုးဆက်ကို စစ်ဒေသခွဲ(၂)မှ တာဝန်ယူမည်မဟုတ်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency