ရေးမြို့နယ် နှစ်ကရင်ရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အရပ်သားတစ်ဦးသေကာ (၄)ဦးဒဏ်ရာရ

ရေးမြို့နယ် နှစ်ကရင်ရွာကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု အရပ်သားတစ်ဦးသေကာ (၄)ဦးဒဏ်ရာရ

မွန်ပြည်နယ် ရေးမြို့နယ်ရှိ နှစ်ကရင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီက ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင် ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရကြောင်း သိရသည်။

ရေးမြို့နယ် နှစ်ကရင်ရွာရဲစခန်းကို ပူးပေါင်းတပ်များက ယနေ့ နေ့လည်ပိုင်းက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်သဖြင့် နှစ်ကရင်ကျေးရွာ အကွက်(၁၀) မွန်ကျောင်းအနောက်ရှိ မိသားစု(၄)ဦး အနက် သမီးဖြစ်သူ သေဆုံးပြီး (၃)ဦးဒဏ်ရာရကြောင်း သိရသည်။

ထို့အပြင် အကွက်(၅)တွင်လည်း ကလေးတစ်ဦးဒဏ်ရာရကာ လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

နှစ်ကရင်ရဲစခန်းရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များ ပစ်ခတ်မှုမှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ရဟတ်ယာဉ် (၂)စီးဖြင့် ရွာအတွင်းသို့ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ကရင်ရဲစခန်းသည် ရဲများစခန်းထိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများက အထိုင်ချထားခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : နှစ်ကရင် လူမှုကူညီရေးအသင်း