ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးကို ပြန်လည်ဦးဆောင်ရန် အခွင့်အရေးရပါစေဟု TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော် ဆုတောင်းစကားဆို

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးကို ပြန်လည်ဦးဆောင်ရန် အခွင့်အရေးရပါစေဟု TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော် ဆုတောင်းစကားဆို

အာဏာသိမ်းစစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွတ်‌စေရန်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းအသစ်ကို ပြန်လည်ဦးဆောင်ရန် အခွင့်အရေးရပါစေဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ပြောဆိုလိုက်သည်။

ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားကာ ဆုတောင်းစကားပြောဆိုထားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ် တာဘုန်းကျော်က "အသန်မာဆုံး ဂုဏ်သရေရှိ အမျိုးသမီးရေ ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။ လွတ်မြောက်ပါစေ။ မြန်မာနိုင်ငံရေး တစ်ဖန်ပြန်ဦးဆောင်ဖို့ အခွင့်အရေးရပါစေ"ဟု ရေးသားထားခြင်းဖြစ်သည်။

ယနေ့ဇွန်လ(၁၉)ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ် ပြည့်မွေးနေ့ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၎င်းကိုကိုယ်စား ပြုသည့် ပန်းသပိတ်ကို ပြုလုပ်နေကြခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု(၁၉)မှုဖြင့် စွပ်စွဲဖမ်းဆီးထားပြီး လက်ရှိတွင် ထောင်ဒဏ်(၃၃)နှစ် မတရားအမိန့်ချမှတ် ခံထားရသည်။

#TachileikNewsAgency

Photo : PSLF-TNLA