လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၈)လသားအရွယ်ကလေးတစ်ဦး ဒဏ်ရာရ

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး (၈)လသားအရွယ်ကလေးတစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်ဘန်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၁၁)ရက်နေ့တွင် လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့ရာ အရပ်သားတစ် ဦးထိမှန်သေဆုံးပြီး (၈)လသားအရွယ် ကလေးတစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့်   ကိုးကန့်တပ်မတော်(MNDAA)တို့ မန်ဘန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့စဥ် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ် ခတ်ခဲ့ရာ လက်နက်ကြီးတစ်လုံးမှာ မန်ဘန်ကျေးရွာရှိ ဒေသခံနေအိမ်ပေါ်ကျရောက်ခဲ့ရာ ဒေါ်မာယွန်း အသက် (၃၈)နှစ်သည် လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး အသက်(၈)လသားအရွယ် ကလေးငယ်မှာ လက်နက်ကြီးစထိမှန်၍ ဆေးရုံသို့ပို့ ဆောင်ပေးထားရကြောင်း TNLAက ယနေ့ဇွန်လ(၁၃)ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲကြောင့် မန်ဘန်ကျေးရွာတွင် နေအိမ်(၃)လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo : News & Information Department