ရေးမြို့နယ်အတွင်းရှိ လမ်းပိုင်းတွင် ပူးပေါင်းတပ်များ စစ်ဆေး

ရေးမြို့နယ်အတွင်းရှိ လမ်းပိုင်းတွင် ပူးပေါင်းတပ်များ စစ်ဆေး

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ အောင်သပြေပိုင်နက် အောင်သုခဇရပ်အနီး၌ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်မှ နေ့လယ်(၂)နာရီခွဲကျော်အထိ ပူးပေါင်းတပ်ဖွဲ့များက စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းထံမှ သိရသည်။

အဆိုပါလမ်းပိုင်းတွင် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်များ အရပ်သားမော်တော်ယာဉ်များကို အသုံးပြုသွားလာမှုရှိ၊မရှိနှင့် မော်တော်ယာဉ်များအနေဖြင့်လည်း စစ်ကောင်စီနှင့် ပတ်သက်သည့်သူများ၊ ပစ္စည်းများ တင်ဆောင်ခြင်းရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်း၌ သွားလာနေကြသည့် မော်တော်ယာဉ်များအနေဖြင့် KNLAတပ်ဖွဲ့ဝင်များက စစ်ဆေးသည့်အခါ ကြည်ဖြူစွာလက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သူများ၊ ပစ္စည်းများ တင်ဆောင်ခြင်းမျိုးမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ယာဉ်များတွင် လိုက်ပါစီးနင်းခြင်းများမပြုလုပ်ရန်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် ယာဉ်များလည်း ကြည်ဖြူစွာ အစစ်ဆေးခံရန် တိုက်တွန်းထားသည်။ 

မွန်ပြည်နယ် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမတစ်လျှောက် လုံခြုံရေးရယူခြင်းနှင့်  စစ်ဆေးခြင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များက နေ့စဉ်လုပ်ဆောင်နေခြင်းလည်းဖြစ်သည်။

#TachileikNewsAgency

Photo : ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C