ဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြရွာရှိ စစ်ကောင်စီတပ်စခန်းများကို PDF တပ်များသိမ်းပိုက်

ဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြရွာရှိ စစ်ကောင်စီတပ်စခန်းများကို PDF တပ်များသိမ်းပိုက်
ဇန်နဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာရှိ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလ (၅)ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

အမှတ်(၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းအထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖတို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Defence - National Unity Government of Myanmar