တောင်ကိုရီးယားရှိ မြေအောက်ရထားဘူတာရုံတွင် စက်လှေခါး ရုတ်တရက် ပြောင်းပြန်ရွေ့လျားမှုကြောင့် လူ (၁၄)ဦး ဒဏ်ရာရ

တောင်ကိုရီးယားရှိ မြေအောက်ရထားဘူတာရုံတွင် စက်လှေခါး ရုတ်တရက် ပြောင်းပြန်ရွေ့လျားမှုကြောင့် လူ (၁၄)ဦး ဒဏ်ရာရ
By Mr John

 တောင်ကိုရီးယားနိုင်ငံတွင် မြေအောက်ရထားဘူတာရုံတစ်ခု၌ အသွားအလာ ရှုပ်ထွေးများပြားသည့် စက်လှေခါးတစ်ခု ၂၀၂၃ခုနှစ် ဇွန်လ (၈) ရက်နေ့၏ နံနက်ပိုင်းက ရုတ်တရက် အရှိန်ဖြင့် ပြောင်းပြန်ရွေ့လျားခဲ့ရာ လူ (၁၄) ဦး ဒဏ်ရာရရှိခဲ့သည်။ 

၎င်းတို့အနက် (၃) ဦးမှာ နောက်ကျောနှင့် ခြေထောက်တွင် ပြင်းထန်သည့် ဒဏ်ရာများရခဲ့ကြောင်း တောင်ကိုရီးယားပြည်တွင်းမီဒီယာက‌ ဖော်ပြသည်။

ဆိုးလ်မြို့တောင်ဘက် Bundang Line မြေအောက်ရထားလမ်းကြောင်းပေါ်ရှိ Sunae ဘူတာရုံတွင် ဇွန်လ (၈) ရက်နေ့၏ ဒေသစံတော်ချိန် နံနက် (၈) နာရီ (၂၀) မိနစ်ခန့်က အဆိုပါ စက်လှေခါး မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

လူအများအပြားက မြေအောက်ရထားဘူတာရုံ၏ စက်လှေခါးဖြင့် အပေါ်ဘက်သို့ တက်နေကြစဥ် ထိုစက်လှေခါးမှာ ရုတ်တရက် အရှိန်ဖြင့် အောက်ဘက်သို့ ပြောင်းပြန်ရွေ့လျားသည်။

Twitter တွင် ပျံ့နှံ့ထွက်ပေါ်လာသည့် ဗီဒီယိုတစ်ခုအရ စက်လှေခါးဖြင့် အပေါ်ဘက်သို့ တက်နေသူများ တစ်ဦးပေါ် တစ်ဦး လဲကျခဲ့သည်ကို တွေ့ရသည်။ 

လူတစ်ဦးမှာ ဘေးကပ်လျက်ရှိ စက်လှေခါးပေါ်သို့ လဲကျသွားခဲ့သည်။

 ယခု မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စစ်ဆေးနေကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ဆိုသည်။

 

Source: CNA

Video: The Washington Press