မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးထိမှန်သေဆုံးပြီး (၂)ဦးဒဏ်ရာရ

မိုးဗြဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးထိမှန်သေဆုံးပြီး (၂)ဦးဒဏ်ရာရ
ဇွန် 3, 2023 | 2021 Military Coup| ကယား

ရှမ်း-ကယားနယ်စပ်ရှိ စစ်ကောင်စီ၏ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) မှ မိုးဗြဲမြို့ကို ယနေ့ ၂၀၂၃ခုနှစ်၊ ‌ဇွန်လ(၃)ရက်နေ့၊ နံနက်ပိုင်းက လက်နက်ကြီးဖြင့် (၅)ကြိမ်ပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးထိမှန်သေဆုံးပြီး (၂)ဦးဒဏ်ရာရကာ စက်သုံးဆီဆိုင်မီးလောင်ခဲ့ကြောင်း သိရသည်။



စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးမှာ ဦးခေါင်းပြင်းထန်ထိခိုက်ဒဏ်ရာရရှိပြီး ယင်းဒဏ်ရာဖြင့်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။



ဒါအပြင် မိုးဗြဲမြို့ လမ်းမကြီးဘေးရှိ စက်သုံးဆီဆိုင် အနီးသို့လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါ ဆီဆိုင်မှာလည်း မီးလောင်သွားခဲ့ပြီး ဆိုင်ကယ်ဆီ လာထည့်သည့် အရပ်သား (၂)ဦးလည်း ဒဏ်ရာရကာ ဆိုင်ကယ် (၂) စီးလည်း မီးလောင်သွားခဲ့ကြောင်း သိရသည်။



မိုးဗြဲတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲမြို့ကိုဖြတ် သန်းသွားလာသော ခရီးသွားမိဘပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုကြရန် မိုးဗြဲ PDF က သတိပေးထားသည်။



ပြီးခဲ့သည့် မေလကုန်ပိုင်းကတည်းက စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့ တိုက်ပွဲဖြစ်မှုများကြောင့် လူနေအိမ်များ ပျက်စီးမှုနှင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။



#TachileikNewsAgency