KNU တပ်မဟာ( ၆ )နယ်မြေအတွင်း ( ၂ )လကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ( ၃ )ခုကို သိမ်းပိုက် ရရှိ

Photo: Cobra Column
Photo: Cobra Column
KNU တပ်မဟာ( ၆ )နယ်မြေအတွင်း ( ၂ )လကြာတိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ( ၃ )ခုကို သိမ်းပိုက် ရရှိ

 ကရင်ပြည်နယ်၊ KNU တပ်မဟာ( ၆ )နယ်မြေတွင် ( ၂ )လကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ( ၃ )ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း Cobra စစ်ကြောင်းက ၂၀၂၃ခုနှစ်၊ မေလ( ၂၇ )ရက်တွင် သတင်းထုတ်ပြန်လာသည်။

( ၂ )ကြာကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော တပ်မဟာ(၆) KNU/KNLA၊ Cobra စစ်ကြောင်း(၁)၊ (၂ )၊   ကျားသစ်နက်စစ်ကြောင်း၊ Golden Eagle ၊ Federal Wings၊ ရောင်နီတို့နှင့် စစ်ကောင်စီတပ်မှ တပ်မ(၄၄)၊ ခလရ (၂၇၅)၊ ခမရ(၃၅၅)၊ BGF ၁၀၁၉ တပ်ရင်း၊ ခမရ(၁၁၈)၊ သင်္ကန်းညီနောင်ဗျူဟာ စသည့် တပ်တို့ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင် (၁၁၄) ဦးသေပြီး (၁၁)ဦး အရှင်ဖမ်းဆီးရမိကာ ( ၆၀ )မမပြောင်းရှည် (၁)လက်၊ ( ၆၀ )မမပြောင်းတို (၁)လက်၊ ( ၄၀ ) မမ (၁)လက် အပါအဝင် လက်နက်မျိုးစုံ စုစုပေါင်း (၄၁) လက် သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ ။

စစ်ကောင်စီတပ်ဘက်မှ (၂)လတာအတွင်း လေကြောင်းတိုက်ခိုက်မှု (၂၂)ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၁,၀၈၁)ကြိမ် ပြုလုပ်ပြီး လက်နက်ကြီးများကြောင့် အရပ်သား(၁)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရရှိကြောင်း နှင့် နေအိမ် အဆောက်အဦး (၄၁)လုံး ပျက်ဆီး၍ ကျွဲ၊ နွား တိရစ္ဆာန် (၁၀) ကောင်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

(၂)လတာ တိုက်ပွဲအတွင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် (၁၁)ဦး ကျဆုံးခဲ့ပြီး (၃၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ Drone (၄)စင်း ပျက်စီး ဆုံးရှုံးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency