အင်မထီးရွာပျူစခန်းမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

အင်မထီးရွာပျူစခန်းမှ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၄ ခုနှစ် မတ်လ (၁၀)ရက်နေ့က အလင်းဝင်လာကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ တိုက်ခိုက်နေသည့် အင်းမထီးရွာ ပျူစောထီးစခန်းမှ ကိုစနေမောင်သည် လက်နက်ကိုင်၍ ပြည်သူလူထုအပေါ် မတရားသဖြင့် ဖိနှိပ်အနိုင်ကျင့်ရန် အတင်းအကျပ် စေခိုင်းခံနေရသဖြင့် အလင်းဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းထံတွင် ကာဘိုင်တစ်လက်၊ ကျည်(၂၅၈)တောင့်၊ ကျည်အိမ် အပိုတစ်ခုတို့ပါရှိပြီး ယင်းမာပင်ခရိုင် အမှတ်(၁၂)တပ်ရင်း တပ်ခွဲ (၂)ထံ ဆက်သွယ်ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင် ရောက်လာသူကို ပုလဲမြို့နယ် ပအဖ၊ ပလဖများက လိုအပ်သော သတင်းအချက်အလက်များကို စစ်ဆေးမေးမြန်းကာ  ယင်းမာပင်ခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ခွဲ(၂)မှ ဆုငွေအဖြစ် မြန်မာငွေ ကျပ်သိန်း (၂၀)ပေးအပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency