မန္တလေးတိုင်းအတွင်း အာဏာသိမ်းအဖွဲ့က စစ်မှုထမ်းဟောင်းများကို ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းကာ လက်နက် ထုတ်ပေးထား

မန္တလေးတိုင်းအတွင်း အာဏာသိမ်းအဖွဲ့က စစ်မှုထမ်းဟောင်းများကို ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းကာ လက်နက် ထုတ်ပေးထား
အောက်တိုဘာ 11, 2021 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့က စစ်မှုထမ်းဟောင်းများကို ပြည်သူ့စစ်အဖြစ်ဖွဲ့စည်းကာ လက်နက်ထုတ်ပေးထားပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့မှစ၍ (၁၅) ရက်နေ့အထိ မွမ်းမံသင်တန်းဖွင့်မည်ဟု သိရသည်။

အဆိုပါ စစ်မှုထမ်းဟောင်းအဖွဲ့များကို တာဝန်ခံတပ်များက တိုက်ရိုက်ကွပ်ကဲမည်ဟု သိရသည်။

PDF များ တပ်တွင်း ဝင်မစီးနိုင်ရန် လုံခြုံရေးတိုးမြှင့်ကြရန်နှင့် ဒေသတွင်း PDF သင်တန်းဆင်းများအား ရှာဖွေဖမ်းဆီးရန်၊ ယာယီခြေကုပ်စခန်းများကို စီးနင်းရန်နှင့် အားပေးကူညီသူများကို ဖမ်းဆီးရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ညွှန်ကြားထားသည်ဟု သိရသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးကိုယ်စား တိုင်းဦးစီးချုပ်က တိုင်းတပ်နယ်မှူးများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့ ညနေ (၃)နာရီအချိန်တွင် video conferencing ဖြင့် ညွှန်ကြားစာ ပေါက်ကြားလာခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း